
The collection · Solo exhibition
Art Gallery
by Dr. ပို့ပို့ကြည်
Selected works

သူမနှင့်အိပ်မက်
2025Acrylic · 47 x 39 in
ဒီပန်းချီကားလေးရဲ့ နာမည်ကတော့ “သူမနှင့်အိပ်မက်” လို့ အမည်ပေးထားပါ တယ်။ ဒီပန်းချီကားလေးက အမျိုးသမီးတစ်ယောက်ရဲ့ အိပ်မက်တစ်ခုကို ပုံဖော်ထားတာပါ။ အိပ်မက်တစ်ခု အကောင်အထည်ဖော်ဖို့ဆိုတာ စင်ပေါ်မှာ မြင်ရတဲ့အောင်မြင်မှု တစ်ခုတည်းနဲ့ ပြီးဆုံးသွားတာမဟုတ်ဘဲ အဲ့ဒီအောင်မြင်မှုရဲ့ နောက်ကွယ်မှာ မမြင်ရတဲ့ ကြိုးစားမှုတွေ၊ ပင်ပန်းမှုတွေ၊ စောင့်ဆိုင်းမှုတွေနဲ့ ကိုယ့်ကိုယ်ကို အမြဲတမ်း အသင့်ဖြစ်အောင် ပြင်ဆင်ထားရတဲ့ အချိန်တွေ အများကြီးရှိတယ် ဆိုတာကို ပြောပြချင်ခဲ့တာပါ။
The Woman & Pink
2026Chiaroscuro Classical Oil Painting · 38 x 48 cm (15 x 19 in)
ဒီပန်းချီကားလေးရဲ့ နာမည်ကတော့ “The Woman & Pink” ဖြစ်ပြီး မြန်မာလို ဆိုရင် “ပန်းရောင်နှင့် အမျိုးသမီးလေး” လို့ အမည်ပေးထားပါတယ်။ ဒီလက်ရာကိုတော့ Chiaroscuro ဆိုတဲ့ Classical Oil Painting Technique ကို အခြေခံပြီး ဖန်တီးထားတာပါ။ အလင်းနဲ့အမှောင်ရဲ့ ဆန့်ကျင်ဘက်ကို အသုံးပြုပြီး ပုံရိပ်ရဲ့ အနက်နဲ့ အလွှာတွေကို ဖော်ထုတ်ပေးတဲ့ ဒီနည်းစနစ်ကို မ The University of the Arts London မှာ Portrait Painting လေ့လာရင်း ပိုမိုနက်ရှိုင်းစွာ လေ့ကျင့်ခဲ့ပါတယ်။ ဒီပန်းချီကားတစ်ချပ် ဖြစ်လာဖို့အတွက် နာရီ ၁၀၀ ခန့် အချိန်ပေးခဲ့ပါတယ်။
Abstract painting · 180 x 170cm (71 x 67 in)
ဒီပန်းချီကားလေးကတော့ Abstract Art နဲ့ Impressionism ပန်းချီဟန်တွေ ကနေ Inspiration ယူပြီး ဖန်တီးထားတဲ့ လက်ရာတစ်ခုပါ။ မ အင်္ဂလန်မှာ The University of the Arts London မှာ ပန်းချီပညာကို လေ့လာနေစဉ် အတွင်း ဖန်တီးခဲ့တာဖြစ်ပြီး အရွယ်အစားကလည်း ခြောက်ပေခွဲဝန်းကျင်ရှိတဲ့ ကြီးမားတဲ့ လက်ရာတစ်ခု ဖြစ်ပါတယ်။ ဒီပန်းချီကားလေးကို ကြည့်တဲ့အခါ စုတ်ချက်တစ်ချက်ချင်းစီမှာ သူ့ကိုယ်ပိုင် ဇာတ်လမ်းလေးတွေ ရှိနေပါတယ်။
Impasto painting · 41 x 51 cm (16 x 20 in)
ဒီပန်းချီကားလေးတွေကတော့ မ Oxford University မှာ ကျောင်းတက် နေစဉ်ကနေ ကျောင်းပြီးဆုံးတဲ့အချိန်အထိ ဖြတ်သန်းခဲ့ရတဲ့ ခရီးလမ်းကို အထိမ်းအမှတ် Golden Dream အဖြစ် ဖန်တီးခဲ့တာပါ။ တစ်ဖက်မှာ Sheldonian Theatre ရှိပြီး၊ တစ်ဖက်မှာတော့ Bridge of Sighs ရှိပါတယ်။ မရဲ့ Oxford ကျောင်းသားဘဝနဲ့ အမှတ်တရတွေကို ကိုယ်စားပြုတဲ့နေရာတွေပါ။
